MMCO
မူပိုင်ခ ခွဲဝေခြင်း
မူပိုင်ခ ခွဲဝေသည့် သတ်မှတ်ချက်များ — ကောက်ခံရရှိထားသော မူပိုင်ခများကို ပိုင်ရှင်များထံ ပြန်လည်ခွဲဝေပေးခြင်း။
အဖွင့်နိဒါန်း
- ၁.က မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (နောင်တွင် “MMCO” ဟု ရည်ညွှန်းမည်) ကို စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၀(က) အရ တည်ထောင်ထားပါသည်။
- ၁.ခ “MMCO” သည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၂(ဂ) အရ MMCO ၏ အသင်းဝင်မူပိုင်ခွင့်ပိုင်ရှင်များထံ မူပိုင်ခအကျိုးခံစားခွင့်များ ဖြန့်ဝေခြင်းအတွက် လုပ်ဆောင်နေပါသည်။
- ၁.ဂ MMCO သည် အဖွဲ့ဝင်များ၏ မူပိုင်ခွင့်ဆိုင်ရာ ပိုင်ဆိုင်မှုများနှင့် အဖွဲ့ဝင်များမှ ပေးအပ်ထားသော ၎င်းတို့၏ အခွင့်အရေးများကို အပြန်အလှန် သဘောတူညီချက်များဖြင့် စီမံခန့်ခွဲပါသည်။
- ၁.ဃ ကောက်ခံရရှိထားသော မူပိုင်ခများကို ဖြန့်ဝေရန် ရည်ရွယ်ချက်ဖြင့် မူပိုင်ခခွဲဝေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ဘုတ်အဖွဲ့ဝင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် ချမှတ်ဆောင်ရွက်ပါသည်။ လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်ပါမည်။
မူပိုင်ခခွဲဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ
- ၂.က အဖွဲ့ဝင်၏ ထုတ်ဝေမှု သို့မဟုတ် ဖန်တီးထားသောသီချင်းများ၏ မူပိုင်ခအကျိုးခံစားခွင့်များကို ကောက်ခံရယူပြီးနောက် MMCO သည် အသုံးပြုသည့် မီဒီယာများဖြစ်သည့် Application, YouTube, Int’l Streaming (Apple Music, Spotify, Tidal စသည်တို့) အလိုက် ကောက်ခံရရှိသော မူပိုင်ခအမျိုးအစားများအား လက်ခံရရှိသော ကာလနှင့်အညီ သုံးလ တစ်ကြိမ် ခွဲဝေပေးပါမည်။
မူပိုင်ခခွဲဝေသည့် အမျိုးအစားသတ်မှတ်ချက်များ
- ၃.က Related Rights Royalties — မူပိုင်ထုတ်လုပ်ထားသော တေးသီချင်းများကို စီးပွားရေးအလို့ငှာ အသုံးပြုသော လုပ်ငန်းများမှ ကောက်ခံသွားပါမည်။ ဥပမာ —
- FM ရေဒီယို များတွင် အသုံးပြုခြင်း။
- သီချင်းဆိုပြိုင်ပွဲ များတွင် အသုံးပြုခြင်း။
- ရုပ်မြင်သံကြားဌာန များတွင် ထုတ်လွှင့်ခြင်း။
- အခမ်းအနား များတွင် တေးသီချင်းဖွင့်လှစ်ခြင်း။
- ဈေးဝယ်စင်တာ များတွင် တေးသီချင်းဖွင့်လှစ်ခြင်း။
- ကာရာအိုကေဆိုင် များတွင် တေးသီချင်းများအသုံးပြုခြင်း။
- ၃.ခ Mechanical Royalties — Physical ဖြန့်ဖြူးထုတ်ဝေမှုအတွက် ကြိုတင်အခကြေးငွေနှင့် ဒစ်ဂျစ်တယ် ဖြန့်ဖြူးထုတ်ဝေခြင်း (Non-interactive, interactive, digital download)။
- ၃.ဂ Synchronization Royalties — ရုပ်ရှင်များတွင် ရှိပြီးသော သီချင်းများအား အသုံးပြုခြင်းအတွက် ကြိုတင်အခကြေးငွေများနှင့် လက်ရှိသီချင်း၊ လက်ရှိဗားရှင်း၏ တေးသံသွင်းမူပိုင်ခ ကြိုတင်အခကြေးငွေများ။
- ၃.ဃ Printing Royalties — MMCO အဖွဲ့ဝင်တစ်စီဦး၏ သီချင်းများပါရှိသော သီချင်းစာအုပ်ကို ဖြန့်ချိထုတ်လုပ်ခြင်း။
ဂီတအစီအစဉ်များဆိုင်ရာ မူပိုင်ခွင့်လုပ်ငန်းများ
- ၅.က MMCO သည် FM ရေဒီယိုများ၊ သီချင်းဆိုပြိုင်ပွဲများ၊ ရုပ်မြင်သံကြားဌာနများ၊ Online Platforms, Telecom Services, ကာရာအိုကေဆိုင်များ၊ အခမ်းအနားများ၊ ဈေးဝယ်စင်တာများ အပါအဝင် အဖွဲ့ဝင်များ၏ ဂီတအားပြုမှုများအတွက် မူပိုင်ခွင့်သုံးစွဲသူများထံမှ ရရှိလာသော အချက်အလက်များကို စိစစ်၍ အဖွဲ့ဝင်များကို ပံ့ပိုးပေးမည်ဖြစ်သည်။
- ၅.ခ တေးဂီတအသုံးပြုသူထံမှ ရရှိလာသော မူပိုင်ခများအတွက် အထက်ပါအပိုဒ် ၄.ခ မှ ခွဲဝေမှုအတိုင်း ခွဲဝေပေးမည်ဖြစ်ပြီး အမည်မသိမူပိုင်ခများပါရှိလာပါက သတင်းစာနှင့် Social Media တို့မှ ကြေညာပြီး ပြန်လည်ဆက်သွယ်လာခဲ့လျှင် ခွဲဝေမှုအတိုင်း ဆောင်ရွက်ပေးသွားမည်။ အကယ်၍ ဆက်သွယ်မှုမရှိသော မူပိုင်ခများ ကျန်ရှိနေပါက (၃) နှစ်အထိ အသင်းတွင် ထိန်းသိမ်းထားပြီး (၃) နှစ်ကျော်ခဲ့လျှင် အသင်း၏ ဘုတ်အဖွဲ့အစည်းအဝေးများတွင် တင်ပြပြီး အသင်းရန်ပုံငွေအဖြစ် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။