ဤသည် MMCO ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်ပါသည်။ ဘာသာစကားEnglish

MMCO

အသင်းဝင်ရန်

တေးသီချင်းမူပိုင်ထုတ်လုပ်ထားသော တေးထုတ်လုပ်ရေးများနှင့် မိမိတို့ကိုယ်တိုင် သီချင်းများအား ထုတ်လုပ်နေသည့် မည်သည့်အနုပညာရှင်၊ အတတ်ပညာရှင်မဆို အသင်းဝင်အဖြစ် လျှောက်ထားနိုင်ပါသည်။

မည်သူများ ဝင်ခွင့်ရှိသနည်း

အောက်ပါအရည်အချင်းများနှင့် ပြည့်စုံ၍ အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဂီတထုတ်လုပ်သူများကို လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အမျိုးသား၊ အမျိုးသမီး အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ မိမိဆန္ဒအလျောက် ဝင်ခွင့်ရှိပါသည် —

  1. က ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
  2. ခ နိုင်ငံတော်မှ သတ်မှတ်ပြဌာန်းထားသော တေးထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်ရှိသူများနှင့် လိုင်စင် မရှိသော်လည်း မိမိတို့သီချင်းများအား ကိုယ်တိုင်တေးသီချင်းထုတ်လုပ်သူ အကျုံးဝင်သော မည်သူမဆို အသင်းသားအဖြစ် ပါဝင်ပိုင်ခွင့်ရှိသည်။
  3. ဂ အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို မိမိကိုယ်တိုင် သိရှိနားလည်၍ အသင်းတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည့်သူ ဖြစ်ရမည်။
  4. ဃ အသင်းဝင်လိုသော အသင်းဝင်အသစ်များသည် အသင်းတွင် လိုအပ်သလို လျှောက်ထားနိုင်သည်။ မိမိထုတ်လုပ်စီစဉ်ဖူးသော အထောက်အထားများ၊ လုပ်ငန်းလိုင်စင်များကို လိုအပ်ပါက အသင်းသို့ တင်ပြနိုင်ရမည်။

လျှောက်ထားနည်း

  1. က သတ်မှတ်ထားသော အသင်းဝင်ခွင့်အဆိုပြုလွှာပုံစံကို ပြည့်စွက်ရေးသား၍ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) သို့ တိုက်ရိုက်ဆက်သွယ်နိုင်သည်။
  2. ခ တင်သွင်းလာသော အဆိုပြုလွှာပုံစံကို MMCO မှ စိစစ်၍ ဘုတ်အဖွဲ့မှ လက်ခံပါက သတ်မှတ်ထားသော ဝင်ကြေးများကို ပေးသွင်းရမည်ဖြစ်ပြီး ဝင်ကြေးပေးသွင်း ရမည့်နေ့မှစ၍ အသင်းဝင်အဖြစ် သတ်မှတ်သည်။

လျှောက်လွှာပုံစံကို MMCO ရုံးမှ တိုက်ရိုက်ရယူနိုင်ပါသည်။ ဖုန်းဖြင့် ဆက်သွယ်၍ စုံစမ်းနိုင်ပါသည်။

အသင်းဝင် အမျိုးအစားများ

  1. က ဂီတလောကတွင် ဂီတထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း လိုင်စင်သက်တမ်းရှိလျှင်သော်လည်းကောင်း၊ ကျော်ကြားမှုရှိသူများကိုသော်လည်းကောင်း အသင်း၏ မွေးဝမ်းကျောင်းအဆင့် အသင်းဝင်အဖြစ် သတ်မှတ်သည်။
  2. ခ အပိုဒ် (က) ပါ အသက်မွေးဝမ်းကျောင်းအဆင့် မဟုတ်စေကာမူ ဝါသနာအရ တေးသီချင်းများ စီစဉ်သူအဖြစ်လည်းကောင်း၊ ဂီတထုတ်လုပ်ဖြန့်ချိသူ၊ ငှားရမ်းသူ၊ ကူးယူသူလုပ်ငန်းရှင်အဖြစ်လည်းကောင်း ဆောင်ရွက်နေသူများအား အသင်းဝင် (ဝါသနာရှင်) အဖြစ် သတ်မှတ်သည်။

အသင်းဝင်များ၏ ခံစားခွင့်

  1. က မိမိတက်ရောက်ခွင့်ရှိသော ညီလာခံအစည်းအဝေးနှင့် ဆွေးနွေးခွင့်၊ မဲဆန္ဒပိုင်ခွင့်၊ အဆိုတင်သွင်းခွင့်နှင့် အသင်း၏ စည်းမျဉ်းအရ သတ်မှတ်ထားသော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။
  2. ခ အသင်း၏ လုပ်ငန်းဆောင်မြင့်ရေးအတွက် အကြံပြုချက်များ၊ ဝေဖန်ချက်များ၊ အဆိုပြုချက်များ၊ နစ်နာချက်များ၊ မကျေနပ်ချက်များကို အသင်းထံသို့ တိုက်ရိုက်သော်လည်းကောင်း၊ အခြေခံနည်းလမ်းဖြင့်သော်လည်းကောင်း အဆင့်ဆင့်တင်ပြပိုင်ခွင့် ရှိသည်။
  3. ဂ မိမိအားပေးအပ်သောတာဝန်နှင့် အစည်းအဝေးပွဲများကို မိမိကိုယ်တိုင်တက်ရောက်၍ စည်းကမ်းနှင့်အညီ ရှင်းလင်းပြောဆိုပိုင်ခွင့် ရှိသည်။
  4. ဃ အသင်းကပေးအပ်သော အခွင့်အရေးများကို အခါအားလျော်စွာ ခံစားခွင့်ရှိသည်။
  5. င အသင်းဝင်တိုင်းသည် မိမိယုံကြည်သောဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသည်။

အသင်းဝင်များ လိုက်နာရမည့် စည်းကမ်းများ

  1. က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကပြဌာန်းထားသော တရားဥပဒေကို လေးစားလိုက်နာရမည်။
  2. ခ အသင်း၏ စည်းမျဉ်းများပါ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်။
  3. ဂ အလားတူ MMCO ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရမည်။
  4. ဃ မိမိပါဝင်သည့် အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များနှင့် အဖွဲ့အစည်းအတွင်း အချေအတင် ဆွေးနွေးချက်များ၊ အပြန်အလှန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ယခုအသင်းကြီး၏ ပြင်ပသို့ မပေါက်ကြားအောင် စောင့်ထိန်းကြရမည်။
  5. င အသင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးကြ၍ စည်းလုံးညီညွတ်ခြင်းနှင့် အသင်း၏ ဂုဏ်သိက္ခာ တိုးတက်ရေးတို့အတွက် အစဉ်ကြိုးပမ်းနေကြရမည်။
  6. စ အသင်းအတွင်း ဂိုဏ်းခွဲခြင်း၊ အုပ်စုဖွဲ့ခြင်း စသည့် အသင်း၏ အကျိုးပျက်စီးရာ ပျက်စီးကြောင်းကို မည်သည့်နည်းနှင့်မျှ ကြံစည်လုပ်ဆောင်ခြင်း မပြုရ။ လုပ်ဆောင်ပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူခံရမည်။
  7. ဆ နှစ်စဉ်ကြေးကို မှန်မှန်ပေးသွင်းရမည် ဖြစ်သည်။
  8. ဇ အသင်း၏ လှုပ်ရှားမှုတွင် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၏ လှုပ်ရှားမှုနှင့်မျှ သြဇာသက်ရောက်မှုမရှိစေဘဲ ကင်းရှင်းစေရမည်။
  9. ဈ မိမိတက်ရောက်ခွင့်ရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို မပျက်မကွက် မှန်မှန်တက်ရောက် လုပ်ကိုင်နိုင်ရမည်။